Logo

ကူးတို့ဆိပ်မီးလောင်ပေါက်ကွဲမှုသည် တန်ချိန်ရာနှင့်ချီရှိသည့် ဓာတုပစ္စည်းများကြောင့်ဖြစ်ြေ

မြန်မာနိုင်ငံသမိုင်းတွင် အကြီးအကျယ်ဆုံးဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှု၏ အကြောင်းရင်းသည် တန်ချိန်ရာနှင့်ချီရှိသည့် ဓာတုဗေဒပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ သိုလှောင်ထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟူ၍ နှစ်ဖွဲ့ခွဲစစ်ဆေးရာပေါ်ထွက်လာခြင်းဖြစ်သည်။ အဆိုပါ မီးလောင်ပေါက်ကွဲမှု၏ အကြောင်းရင်းအမှန် ပေါ်ထွက်ရန်အတွက် ယင်းဂိုဒေါင်ပိုင်ရှင်၊ ဂိုဒေါင်စောင့်၊ ရပ်ကွက်နေပြည်သူများ၊ မီးလောင်စဉ်ငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်ပါဝင်သည့် လူသက်သေ ၈၀ ကျော်အား ဆင့်ခေါ်၍ စစ်ဆေးခဲ့ရကြောင်း ယင်းစုံစမ်းစစ်ဆေးမှုတွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မေတ္တာမွန်ဂိုဒေါင်ဝင်းအတွင်းရှိ အီလက်ထရွန်းနစ်ပစ္စည်းများထားရှိသည့် ဂိုဒေါင်အမှတ် ၈၀ တွင် ၀ရိန်ဆော်သည့် မီးခလုတ်များ၊ အင်ဗာတာမီးခလုတ်များကို ပိတ်ပစ်ခြင်းမရှိဘဲ အပြင်ထွက်ရာမှ အပူလွန်ကဲကာ ၀ိုင်ယာရှော့ခ်ဖြစ်ပွားခဲ့ပြီး ယင်းဂိုဒေါင်ဘေးရှိ ပရဆေးနှင့် ဓာတုပစ္စည်းများထားရှိသည့် ဂိုဒေါင်အမှတ်(၇၉)သို့ မီးကူးစက်လောင်ကျွမ်းရာမှ ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Read more http://www.khitlunge.net.mm/news/news_detail.aspx?info_id=25958

Additional information