Logo

အက်ဖ်အီးစီ ၂၀ တန်ကတ် ပြန်လည်ရောင်းချပေးမည်

အက်ဖ်အီးစီ ၂၀ တန် ဂျီအက်စ်အမ် တစ်ခါသုံးကတ်တွေကို သည်လ ၂၆ ရက်ကစပြီး အီလိုက်တက်ခ်ျ အိုင်တီဆားဗစ်ဆိုင်တိုင်းမှာ ပြန်ရောင်းချပေးမယ်လို့သိရပါတယ်။ ကတ်အသုံးပြုသူတွေ အတွက်ဖုန်းပြည်တွင်း အဝင်နှုန်းထားကတော့ ၀.၀၅ ဒေါ်လာ၊ အထွက် နှုန်းထားက ၀.၃၀ ဒေါ်လာ၊ အက်စ်အမ်အက်စ်ဆားဗစ်အတွက် ၀.၀၅ ဒေါ်လာဖြစ်ပြီး အင်တာနေရှင်နယ်အတွက် ခေါ်ဆိုခနှုန်းထားကတော့ ၀.၉ ဒေါ်လာဖြစ်ပါတယ်။ ဝယ်ယူမယ့် သူတွေကတော့ မှတ်ပုံတင်မိတ္တူနဲ့ တခြား အချက်အလက်တွေကို ဖြည့်စွက်ပြီး ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အနယ်နယ်အရပ်ရပ်က အီလိုက်တက်ခ်ျဆိုင်ခွဲတိုင်းအကန့်အသတ် မရှိရောင်းချပေးသွားမှာဖြစ်ပါတယ်။ နံပါတ်ကတော့ အရင်အတိုင်း ရှစ်လုံးဖြစ်ပါတယ်။ အရင်က ၂၀ တန် ကတ်တွေကို ၂၀၁၁ မတ်လမှာ ယာယီရပ်နားခဲ့တာက လိုင်းအင်အားများပြီး တယ်လီဖုန်းလိုင်းတွေ ကျပ်မှာစိုးတာကြောင့်ဖြစ်တယ်။ အခုပြန်ရောင်းချပေးတာက လိုင်းအင်အားနဲ့ တာဝါတိုင်တွေ ထပ်တိုးချဲ့ပြီး သွားတာကြောင့်လို့ အီလိုက်တက်ခ်ျ အိုင်တီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးထံမှ သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Read more http://www.khitlunge.net.mm/news/news_detail.aspx?info_id=26007

Additional information