Logo

အဖိုးနှုန်းချိုသာသော ငှက်ဖျားပျောက်ဆေးထုတ်လုပ်နည်း တွေ့ရှိ

ဂျာမနီနိုင်ငံမှ သုတေသနပညာရှင်များသည် အဖိုးနှုန်းချိုသာသည့် ငှက်ဖျားရောဂါပျောက်ဆေးတစ်မျိုးအား ထုတ်လုပ်နိုင်မည့်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အောက်စီဂျင်နှင့် အလင်းရောင်၏ အကူအညီဖြင့် ပေါင်းစပ်ဖန်တီးထားသည့် အဆိုပါငှက်ဖျားရောဂါပျောက်ဆေး (အာတီမီစီနင်)အား ဖွံ့ဖြိုးဆဲနိုင်ငံများမှ ငှက်ဖျားရောဂါဝေဒနာရှင် ၂၂၅ သန်းအား အဖိုးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်မည်ဖြစ်သည်။ ယင်းငှက်ဖျားဆေးအား တီထွင်ဖန်တီးရန် သံနံကိုင်းပင်မှရရှိသည့် စွန့်ပစ်ပစ္စည်းများအား သိပ္ပံပညာရှင်များက ကနဦးအသုံးပြုခဲ့ခြင်းဖြစ်ပြီး ၄င်းပစ္စည်းအား တဆေးအတွင်း၌ ဇီဝနည်းပညာဖြင့် ပြုပြင်ပေါင်းစပ်ကာ ငှက်ဖျားရောဂါ သောက်ဆေးအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရိုးရှင်းလှသည့် ငှက်ဖျားဆေးအား ပီတာအိတ်ခ်ျဆီးဘာဂါဦးဆောင်သည့် သုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

Read more

Additional information