Logo

စိတ်ကူးများကို စကားလုံးအဖြစ် ပြန်လည်ဖော်ပြနိုင်သည့်ကွန်ပျူတာ သိပ္ပံပညာရှင်များတီထွင်

သိပ္ပံပညာရှင်များသည် စိတ်ကူးများကို စကားလုံးအဖြစ် ပြန်လည်ဖော်ထုတ်နိုင်သည့် ပထမဦးဆုံးသော ကွန်ပျူတာကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြထားသည်။ အဆိုပါကွန်ပျူတာတွင် ဦးနှောက်လှုပ်ရှားမှုအား ဖတ်နိုင်သည့် ပရိုဂရမ်တစ်ခု ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။ သိပ္ပံပညာရှင်များသည် ဦးနှောက်ခွဲစိတ်ထားသည့် လူနာများ၏ ဦးနှောက်ထဲတွင် လျှပ်ခေါင်းများ ထည့်သွင်းပြီး လှုပ်ရှားမှုများကို စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း၊ ထို့နောက် လူနာများကို ၀ါကျအချို့အား နားထောင်စေပြီး ဦးနှောက်၏ နားလည်နိုင်စွမ်းနှင့် စကားလုံးအဖြစ် ပြန်လည်ဖော်ထုတ်နိုင်စွမ်းတို့ကို ကွန်ပျူတာပရိုဂရမ်ဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကွန်ပျူတာပရိုဂရမ်သ်ည လူနာများက ပြောချင်သည့် စကားလုံးများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်ဟု သိပ္ပံပညာရှင်များက ယူဆလျက်ရှိသည်။ (အင်တာနက်)

Read more

Additional information