Logo

လက်ဘနွန်မြောက်ပိုင်း၌ လက်နက်တိုက်ပေါက်ကွဲမှုဖြစ်

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီမြို့ရှိ အယ်ဂျီဇုန်တက္ကသိုလ်အနီးမှ လက်နက်တိုက်တစ်ခု ပေါက်ကွဲမီးလောင်ခဲ့ကြောင်း သိရသည်။ လက်နက်တိုက်ရှိရာဒေသတွင် ဖေဖော်ဝါရီ ၁၀ ရက် ညနေက ပေါက်ကွဲသံများကြားရပြီး မီးအကြီးအကျယ် စတင်လောင်ကျွမ်းခဲ့ကြောင်း လက်ဘနွန်အစိုးရပိုင် အမျိုးသားသတင်းဌာနက ကြေညာသည်။ ဖေဖော်ဝါရီ ၁၀ ရက် အစောပိုင်းက ထိုဒေသတွင် ဆွန်နီပြိုင်ဘက်အုပ်စုချင်း ဒုံးပစ်လောင်ချာများဖြင့် အပြန်အလှန် ပစ်ခတ်ကြသဖြင့် အစိုးရတပ်ဖွဲ့ဝင်နှစ်ဦးနှင့် လမ်းသွားလမ်းလာတစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းသို့ ဖြစ်ပွားပြီးနောက် ထပ်မံမဖြစ်ပွားရေးအတွက် လိုအပ်သလို အရေးယူဆောင်ရွက်ရန် တပ်မှူးအား လက်ဘနွန်ဝန်ကြီးချုပ်က မှာကြားလိုက်သည်ဟု သိရသည်။ (အင်တာနက်)

Read more

Additional information