Logo

Articles

အိန္ဒိယနှင့် ဂျော်ဂျီယာနိုင်ငံများရှိ အစ္စရေးသံရုံးများအား ကားဗုံးဖြင့်တိုက်ခိုက်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အစ္စရေးသံရုံးတွင် ဖေဖော်ဝါရီ ၁၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်၏ ဇနီးဒဏ်ရာရရှိခဲ့ပြီးနောက် သူမအား အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့အပြင် ဂျော်ဂျီယာနိုင်ငံ တီဗလီစီမြို့ရှိ အစ္စရေးသံရုံးဝန်ထမ်းတစ်ဦးက ၄င်း၏မော်တော်ကားအောက်တွင် ဗုံးထောင်ထားသည်ကို တွေ့ရှိခဲ့ပြီးနောက် ဗုံးမပေါက်ကွဲမီ စနက်တံအား ဖြုတ်ပစ်နိုင်ခဲ့သည်ဟု သိရသည်။ နယူးဒေလီမြို့ရှိ သံရုံးတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် စုစုပေါင်း လေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ (အင်တာနက်)

Read more

Additional information