Logo

မြန်မာ-ဗြိတိန် ပညာတော်သင်ဟောင်းများ Network စတင်ဖွဲ့စည်း

ဗြိတိသျှကောင်စီ (မြန်မာ)မှ Myanmar-UK Alumni Network ကို မြန်မာယူကေ ပညာတော်သင်ဟောင်းများအတွက် စတင်ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ မြန်မာ-ယူကေ ပညာတော်သင်ဟောင်းများ ကွန်ရက်သည် လူမှုရေးကွန်ရက် (Social Network) တစ်ခုသာမက အတတ်ပညာရှင်များကွန်ရက် (Professional Network) လည်းဖြစ်ကြောင်း၊ အင်္ဂလန်နိုင်ငံတွင် သင်တန်းကာလ သုံးလထက်မနည်းသော သင်တန်းများ၊ ပညာရေး အစီအစဉ်များတွင် တက်ရောက်ပညာ ဆည်းပူးခဲ့သော မြန်မာနိုင်ငံသားများသာမက အင်္ဂလန်နိုင်ငံ ပြင်ပတွင် ပညာသင်ကြားသော်လည်း အင်္ဂလန်ကောလိပ် တက္ကသိုလ်များမှ ချီးမြှင့်သော သင်တန်းဆင်း အောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ ရရှိထားသူများ ပါဝင်နိုင်စေရန် ဗြိတိသျှကောင်စီမှ စီစဉ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ကွန်ရက်ဖွဲ့စည်းခြင်းအားဖြင့် အင်္ဂလန်ပညာတော်သင်ကျောင်းများ အကြားတွင် ယခင်ရှိပြီး ခင်မင်မှုများ ခိုင်မြဲစေရန်နှင့် လူမှုရေးကွန်ရက် ဆက်သွယ်နိုင်မည့် အခွင့်အလမ်းသစ်များ၊ ပညာရပ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များ ရရှိလာစေရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားကြောင်း သိရှိရသည်။ ပထမဘွဲ့အတန်း၊ မဟာဘွဲ့အတန်း သုတေသန သို့မဟုတ် ဒီပလိုမာလက်မှတ်ရ သင်တန်းအစီအစဉ်များတွင် အင်္ဂလန်နိုင်ငံမှ တက်ရောက်အောင်မြင်ခဲ့သည့် မည်သူမဆို ကွန်ရက်တွင် ပါဝင်နိုင်ကြောင်း သိရှိရသည်။ အင်္ဂလန်နိုင်ငံတက္ကသိုလ်များမှ နောက်ဆုံးဘွဲ့လက်မှတ် ချီးမြှင့်ပေးအပ်ခြင်းကို ရရှိသူများလည်း ကွန်ရက်တွင် ပါဝင်နိုင်ကြောင်း သိရှိရသည်။ တက္ကသိုလ်နယ်မြေခွဲများတွင် တက်ရောက်သင်ကြားခဲ့သူများ၊ အဝေးသင်စနစ်နှင့် သင်ကြားခဲ့သူများ တက္ကသိုလ်နှစ်ခုတွဲ သင်တန်းအစီအစဉ် (Twinning Programme) များတွင် တက်ရောက်သင်ကြားခဲ့သူများလည်း သက်ဆိုင်ရာ သင်တန်းများ အောင်မြင်ပြီးဆုံးပါက ကွန်ရက်တွင် ပါဝင်နိုင်ကြောင်း သိရသည်။ အဆိုပါ ကွန်ရက်တွင် အသင်းဝင်လိုပါက www.myanmar-network.net ရှိ Online Registration Form မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း ထိုသို့မဟုတ် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ အမှတ် (၇၈) ရှိ ဗြိတိသျှကောင်စီ Customer Service Desk ဝင်ခွင့်ပုံစံ တောင်းယူပြီး ဖြည့်သွင်းပေးပို့နိုင်ကြောင်း အသေးစိတ် သိရှိလိုပါက Programme Department ၊ ဖုန်း- ၂၅၄၆၅၈၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁၊ လိုင်းခွဲ ၃၃၃၃ သို့မဟုတ် ၃၃၁၁ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။ အီးမေးလ်လိပ်စာ This e-mail address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Read more http://www.khitlunge.net.mm/news/news_detail.aspx?info_id=26087

Additional information