Logo

အနာဂတ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲများ၌ ပါဝင်အရွေးခံမည်ဟု မက်ဗီဒက်ဗ်ပြောကြား

ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်သည် လာမည့်နှစ်များတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲများ၌ ထပ်မံဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၅ ရက်က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံအတွင်း၌ ယခုနှစ် မတ်လတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မည်သူအနိုင်ရသည်ဖြစ်စေ နိုင်ငံရေးအား လျစ်လျူရှုထားမည်မဟုတ်ကြောင်း မက်ဗီဒက်ဗ်က မော်စကိုတက္ကသိုလ်မှ ကျောင်းသားများအား ပြောကြားခဲ့သည်။ မေလ၌ မဲအာဏာလွှဲပြောင်းပြီးချိန်တွင် မည်ကဲ့သို့ဖြစ်လာမည်ကို မသိရှိကြောင်းနှင့် အခြားသူများ မည်ကဲ့သို့ပြောကြားစေကာမူ ဗလာဒီမာပူတင်အား ထပ်မံမဲပေးရွေးချယ်ရန် လိုအပ်ကြောင်း ၄င်းက ပြောကြားသည်။ ၀န်ကြီးချုပ် ဗလာဒီမာပူတင်သည် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

Read more

Additional information