အော်တိုတယ်လီဖုန်းများ Prepaid စနစ်သို့ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ် သတင်းထုတ်ပြန်
- Details
- Hits: 70
Read more http://www.khitlunge.net.mm/news/news_detail.aspx?info_id=26278
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ၂၀၁၂ခုနှစ် နှစ်သစ်အခါသမယတွင် အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေး အထူးအားတက်ဖွယ် သတင်းနှစ်ရပ်က မင်္ဂလာကို မင်္ဂလာဆင့်လိုက်ပါသည်။ ထိုသတင်းထူးကြီးနှစ်ရပ်မှာ မြန်မာနိုင်ငံတွင် သက်တမ်း အကြာဆုံး နှင့် အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU – Karen National Union နှင့် မြန်မာအစိုးရတို့ကြား အပစ်အခတ် ရပ်ဆဲရေးနှင့် ပမာဏငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို...
မကြာမီက ရုပ်သံမီဒီယာသတင်းများတွင် ပညာရေးစုံညီပွဲတော်များကို နိုင်ငံအနှံ့ ကျင်းပနေ သည့် မြင်ကွင်းများကို တွေ့လိုက်ရသည်။ ပညာရေးစုံညီပွဲတော်ဆိုသည်မှာ ပညာရေးဌာန၏ စွမ်းဆောင်နိုင်ရေများ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်များကို ဖော်ထုတ်ပြသရ သည့် ပွဲတော်ဟူ၍ ယေဘုယျဆိုနိုင်ပါသည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးများ မကြာမီမှာပြန်လည်ကျင်းပတော့မှာ ဖြစ်ပါ တယ်။ ပြည်သူ့အကျိုးကို ဖော်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူ့လွှတ်တော်အစည်း အဝေးတွေကို အချိန်ယူပြီးကျင်းပနေကြတာဖြစ်တယ်။ လွှတ်တော်မှာ ပြည်သူ့ဆန္ဓကို သိရှိဖော်ဆောင်ပေးဖို့ ကိုယ်စာလှယ်တိုင်းမှာ တာဝန်ရှိပါတယ်။
Written by နီမင်းဆွေ Wednesday, 15 February 2012 14:35
လွန်ခဲ့တဲ့လေးနှစ်လောက်က အခုအီရန်က ပိတ်ပစ်မယ်ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ဟောလ်မွတ်စ်ရေလက်ကြား(Strait of Hormuz)ရဲ့အနောက် ဘက် ပါရှန် ပင်လယ်ကွေ့ရဲ့ ကမ်းခြေတစ်နေရာကို မေးတင်ထား တဲ့'ဒါမန်း' (Dammam) ဆိုတဲ့ မြို့ကလေးကို ရောက်သွားခဲ့ပါတယ်။...
Written by စိုးဘားဒိုင်
Wednesday, 22 February 2012 14:31
ရေသန့်ဘူးတွေပေါ်လာတော့ ရွာကနေအလည်ရောက်လာသည့် ကျွန်တော့် ဘကြီး ပြောတာလေးကို သတိရသည်။ ရေကိုဝယ်သောက်နေကြမှတော့ မင်းတို့ကောင်တွေ လူမွေးလူရောင် ဘယ်ပြောင် တော့မှာလဲကွ ဟူ၍ဖြစ်သည်။ ဘကြီးတို့ ခြံထဲက ရေတွင်းကကြည်လဲ့ပြီးသန့်ရှင်းလှ သည်။ မြို့ပေါ်မှာက တဖြည်းဖြည်း ညစ်ပတ်လာသည်။ ရေတွေကလည်း သန့်ရှင်းမှု နည်းလာသည်။ ဘကြီးက ရေကိုကျိုချက်ပြီးမှ ရေနွေးကြမ်းအဖြစ် သောက်သည်။ ...
Written by မောင်စံပေါ
Wednesday, 22 February 2012 13:33
ပြောရရင်တော့ ခရီးထွက်ခဲ့မိတာက စရမှာ။ အောင်မင်္ဂလာ အဝေးပြေးဂိတ် သွားဖို့ တက္ကစီ ကားငှားပြီး လာခဲ့တယ်။ ဟိုမေး ဒီမေး ဟိုပြော ဒီပြောလုပ်တတ်တာက အသက်ကြီးမှ ဖြစ်လာတဲ့အကျင့်တစ်ခု။
သားငယ်နှင့် ချွေးမငယ်က သည်အဘိုးကို ဂရုစိုက်သည်။ ပြင်မထွက်တော့သော သည်အဘိုးကို ဟိုဆိုင်က၊ သည်ဆိုင်က ဟိုဟာကကောင်သည်ဟုဆွယ်ပြီး မရရအောင် နံနက်စာအပြင်ထွက်စားဖြစ်စေသည်။
မြန်မာနှာလန်မျောက် ကာကွယ် ထိန်းသိမ်းရေး အတွက် ပညာပေး ပိုစတာဖြင့် နှိုးဆော်နေ သည်ကို တွေ့ရစဉ်။
အခြေခံဥပဒေရုံး၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ အခြေခံဥပဒေပုဒ်မ ၃၂၂(ခ) တွင် ရေးသားထားသော အခြေခံဥပဒေရုံးများ၏ တာဝန်ကို လိုသည်ထက်ပို၍ အဓိပ္ပာယ် ကောက်ယူသောကြောင့် လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲပြားမှု တစ်ရပ် ပေါ်ပေါက်လာသည်ကို တွေ့ရသည်။
အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်။ ကျန်းမာခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သန်စွမ်းခြင်းတို့၏ တန်ဖိုးကို မကျန်းမာသောအခါ၊ မသန်စွမ်းဖြစ်သောအခါတွင်မှ ပိုမိုသိနားလည်လာကြသည်။
နိုင်ငံတိုင်းမှာ ဝင်ငွေ၊ အသုံးစရိတ် လျာထားချက် ဘတ်ဂျက်ကို နှစ်စဉ်ရေးဆွဲကြ ရပါတယ်။ ဝင်ငွေ နဲ့ အသုံးစရိတ် မျှတအောင် ချင့်ချိန်ပြီး ဝင်ငွေရလမ်း ရှာဖွေမှု အသုံးစရိတ်လျှော့ချ ဖြတ်တောက်မှုတွေ လုပ်ဖို့ လျာထားသတ်မှတ်ရတယ်။
မီဒီယာကိုကြောက်ရွံ့ခြင်း၊ ပိတ်ပင်ဟန့်တားခြင်းဟာ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါ တယ်။
သတင်းအချက်အလက်တွေကို လိုအပ်နေသူတွေဆီ ရောက်အောင် လုပ်ဆောင် ပေးတာ မီဒီယာရဲ့ အလုပ်ဖြစ်ပါတယ်။ မီဒီယာသမားတွေက အားလုံး အတွက် မိတ်ဆွေသာဖြစ်ပြီး ရန်သူမဟုတ်ဘူး၊ ဆန်ကျင်ရမယ့်သူတွေ မဟုတ်ဘူး။
အိုင်စီတီဖြင့် နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာတွင် 4C (စီလေးလုံး) ကို ထည့်တွက်ကြရသည်။ Computing, Communications, Content, Capacity တို့ဖြစ်သည်။ အိုင်စီတီအမြင်ကို ကွန်ပျူတာ၊ အင်တာနက်၊ တယ်လီဖုန်း အမြင်ထက်ပိုပြီး ရှုမြင်သုံးသပ်သင့် ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေး အဖြေအဖြစ် မမြင်သောနိုင်ငံ သို့မဟုတ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အိုင်စီတီဖြင့် မဖြစ်မနေ လုပ်ဆောင် ရမည်ကို အားနည်းနေသေးသောနိုင်ငံ သည် နောက်ကျ ကျန်ခဲ့မည်သာ ဖြစ်သည်။
အကြမ်းဖျင်းအားဖြင့် ကမ္ဘာစီးပွာရေး သုံးပုံနှစ်ပုံသည် အိုင်စီတီ ဝန်ဆောင်မှု အပေါ်တွင် ရပ်တည်နေရသည်ဟု ဆိုရမည်။ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အခြား အိုင်တီပလေယာ နိုင်ငံများသည် အိုင်စီတီကို national mission အမြင်ဖြင့်လက်ခံပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ကြသည်သာ ဖြစ်သည်။ အမျိုးသားရးအမြင်၊ အမျိုးသားရေး တာဝန်ဆိုသည်မှာ အမျိုးကိုချစ်ပြပြီး ရိုးရာကို ထိန်းနေရုံနှင့် မပြီးပါ။ ခေတ်မီစွာ ကမ္ဘာကို ရှုမြင်နိုင်ရန်လည်း လိုပါသည်။
လက်ရှိအနေအထားတွင် အိုင်စီတီကိုထုတ်လုပ်မှုနှင့် ဈေးကွက်ဖန်တီးမှု တို့သည် အဓိကအခန်းတွင် ပါဝင်နေသည်။ ၁၉၉၅ခုနှစ်မှ ၂၀၀၂ခုနှစ် အတွင်း အမေရိကန်နိုင်ငံ၏ စီးပွာရေးဖွံ့ဖြိုးတိုးတက်မှုကို ပြန်သုံးသပ် ကြည့်လျှင် သုံးပုံ တစ်ပုံသည် အိုင်စီတီကြောင့် ဖြစ်နေကြောင်း တွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအဖြစ် ရပ်တည်နေရာမှ ဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံရရန် တာစူနေသော နိုင်ငံများသည် အိုင်စီတီကြောင့်သာ အရှိန်ရခဲ့ခြင်း ဖြစ်သည်။ အိုင်စီတီကို အကျိုးရှိစွာ အသုံးမချနိုင်သည့်နိုင်ငံများ၏ အရှိန်သည် တန့်နေရာမှ ဆုတ်ယုတ် သွားနိုင်သည့် အနေအထားပင် ဖြစ်နေသည်။
ဖွံ့ဖြိုးမှုနောက်ကျနေသေးသည့် နိုင်ငံများအတွက်”ပေါင်မုန့်လား ကွန်ပျူတာ လား” အငြင်းပွားစရာ မလိုပါ။ ပေါင်မုန့်လည်းလိုသည်။ ကွန်ပျူတာလည်း လိုအပ်ပါ သည်။ နှစ်မျိုးစလုံးဖြည့်ဆည်းပေးရန် လိုပါသည်။ စားဖို့တောင်အနိုင်နိုင် ကွန်ပျူတာ မကိုင်နိုင်ပါဘူးဟူ၍ ငြင်းပယ်ခွင့် မရှိသောခေတ် ဖြစ်လာပါသည်။ အဘယ့်ကြောင့် ဆိုသော် အိုင်စီတီသည် ဈေးအပေါဆုံးဖြင့် ဝင်လာ လူတန်းစားမခွဲခြား
သောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံဆင်းရဲသည်ဆိုပြီး အိုင်စီတီကို လမ်းကြောင်းမဖွင့်ပေးစရာ အကြောင်းလည်း မရှိပါ။ နိုင်ငံတစ်နိုင်ငံတွင် လျှပ်စစ်ဓါတ်အား ရရှိရေးနှင့် ရေရရှိရေးတို့ထက်ပင် အိုင်စီတီရရှိရေးက ဈေးပေါ သည်ဟု ဆိုနိုင်ပါသည်။ ဆင်းရဲခြင်းကို လူတစ်ဦး၏ဝင်ငွေ၊ အစားအစာရရှိမှု ကျန်းမာရေးအတွက် ဆေးဝါးကုသနိုင်ခွင့် တို့နှင့်သာ တိုင်းတာလေ့ ရှိကြပါ သည်။ နောက်ပိုင်းတွင် လူမှုဘဝ၊ အသက်မွေး ဝမ်းကျောင်းမှုတို့ကိုပါ ထည့်တွက် လာရမည် ဖြစ်သည်။
အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပြုလုပ်နိုင်စွမ်းအရှိဆုံး တိကျမှန်ကန်စေရန် အလုပ်ဆောင်နိုင်ဆုံး နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှု အများဆုံး ဖြစ်ပါသည်။ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြားပါဝင် ပတ်သက်နေသော နယ်ပယ်များမှာ လူမှုရေး၊ စီးပွားရေး၊ အသက်အရွယ်၊ ကျားမ၊ ပထဝီဝင်ဆိုင်ရာ အနေအထားတို့ကလည်း အထောက်အကူပေးမှ ဖြစ်နိုင်ပါသည်။ ဘက်ပေါင်းစုံပြည့်စုံနေပါလျက် ဖွံ့ဖြိုးရန် နောက်ကျရခြင်းမှာ ပေါ်လစီများနှင့်လည်း သက်ဆိုင်တက်ပါသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ချင်လျှင် အိုင်စီတီဖြင့် လက်ဦးမှုရစေရန် ကြံဆောင်ခြင်း အိုင်စီတီ ပရောဂျက်များ လုပ်ဆောင်ခွင့်ရရှိစေရန် ကြံဆောင်ခြင်းတို့ကို ပြုလုပ်သင့် ပါသည်။ ထိုကိစ္စများ ဆောင်ရွက်နိုင်ရန် ဥပဒေရေးရာများကို အခိုင်အမာ တည်ဆောက်ပေးထားရမည် ပွင့်လင်းပြီး ထင်သာမြင်သာရှိသော ပေါ်လစီများ ချမှတ်ထားနိုင်ရမည်။ နိုင်ငံရေးတည်ငြိမ် ရမည် လုပ်သားအင်အား အပြည်ံအဝ ဖန်တီးထားနိုင်ရမည်။ လုပ်ပိုင်ခွင့်များကို လမ်းဖွင့်ပေးရမည်။ လက်ဝါကြီးအုပ် စီးပွားရေးပေါ်လစီများကို ပယ်ဖျက်ပေးနိုင်ရမည် ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အင်တာနက်လမ်းကြောင်းတို့၏ ဆက်စပ်မှုကိုလည်း လျစ်လျူရှုထား၍ ဖြေစ်နိုင်ပါ။ အင်တာနက်နှင့်ဖွံ့ဖြိုး တိုးတက်မှု အတွက် အနာဂတ်လမ်းကြောင်းကို သတ်မှတ်ရာတွင် ယုံကြည်စွာ သုံးစွဲနိုင်ခြင်း၊ ကိုးစားအားထားလောက်သည့် အနေအထားတွင်ရှိခြင်း၊ ကမ္ဘာ့ပါဝင်မှုကို လက်ခံခြင်း၊ ဘက်မလိုက်ခြင်း၊ အသုံးပြုရ လွယ်ကူစေခြင်း၊ သုံးနိုင်သည့်အဆင့်ကို သတ်မှတ်ပေးခြင်း၊ သုံးနိုင်သည့်ပမာဏကို သတ်မှတ်ပေးခြင်း၊ သုံးနိုင်စေရန် ဖန်တီးပေးခြင်း၊ အပြောင်းအလဲကို လက်ခံခြင်း၊ ချက်ချင်းပြုပြင် ပြောင်းလဲပေးနိုင်ခြင်း၊ တီထွင်မှုကိုလက်ခံခြင်း၊ တီထွင်ခွင့်ရစေရန် အခွင့်အလမ်းများပေးခြင်း၊ ပွင့်လင်းမြင် သာမှုရှိခြင်းတို့သည် အနာဂတ်အိုင်စီတီအတွက် မျှော်လင့်စရာများဖြစ်ပါသည်။ အယ်ဒီတာ(itizen)
Friday, 27 January 2012 SHADE Journal
တစ်ရက်က နစ်ရက်၊ တစ်ပတ်နစ်ပတ်ကနေ တစ်လနစ်လ လောကိရှိ လာတော့ ကျြွဲမီးတြိုခင် လာပြီ။ သူဘာကို အလိုရှိနေလည်း ဆိုတာ တွေးမရ။ တွေး ရ လောက်အောင် လည်း စိတ်ကမရှည်ချင်တော့။ သူ့ရဲ့ ဟိုလိုလို ဒီလိုလို အပြု အမူ ကို ကြာရှည် သည်းမခံနိုင် ဖြစ်လာသည်။
ပြီးခဲ့သည့်လက အိုင်စီတီပွဲတစ်ပွဲသို့တက်ခဲ့သည်။ လူငယ်တွေ တွေ့ဆုံပွဲဖြစ်သဖြင့် တက်ကြွရွှင်လန်းသော လူငယ်တို့၏ အားမာန်နှင့်အတူ အိုင်စီတီဆိုင်ရာ အသုံးပြုမှုများကိုလည်း တွေ့မြင်ရသည်။
ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးကို အိုင်စီတီ အထောက်အကူဖြင့် တက်လှမ်းနိုင်ရန် ကြိုးပမ်း နေကြသည်။ အိုင်စီတီဖွံ့ဖြိုးမှုကို ဆက်လက်ထိန်းသိမ်းရန် ကျွမ်းကျင်သူ များ ငွေကြေး ထောက်ပံ့မှုများ၊ သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ရပါမည်။
ဒေါက်တာညီဝင်းမှန် (ကုခန်းစိတ်ပညာရှင်)
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
၂၁ ရာစုနှစ်ကို 'ဗဟုသုတ ရာစုနှစ်' ဟု ခေါ်တွင်၏။ ယခုအခါ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သတင်း အချက်အလက်များ (information)၊ ဆက်သွယ်ရေး (communication) ၊ ပညာရေး (education) နှင့် ဗဟုသုတ (knowledge) ပြည့်လျှံလျက်ရှိ၏။...
ဧရာဝတီ မြစ်ဆုံစီမံကိန်းကိုဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုဖို့ အစိုးရက ဆုံးဖြတ်ချက်ချမှတ်လိုက်တာဟာမှန်ကန်ရဲရင့် ပြီးကောင်းမွန် တဲ့ခြေလှမ်း တစ်ခု ဖြစ်ပါတယ်။
Written by စိမ့်ညက်(ညောင်ဦး)
Sunday, 19 February 2012 11:49
ပြည်သူတို့ ဘ၀သည် အမြဲရုန်းကန် နေရသည်။ အင်္ဂလိပ် ကိုလိုနီ မဖြစ်ခင် သက်ဦးဆံပိုင် ပဒေသရာဇ်အုပ်ချုပ်မှုအောက်တွင် မော်ဖူးစေ ဆိုမှ ဖူးရသော ဘ၀၊ အောက်ဆုံးတွင် ကျေးတော်မျိုး၊ ကျွန်တော် မျိုးဘ၀များဖြင့် နေခဲ့ရသည်။ ဒီနောက် အင်္ဂလိပ် ကျွန်ဘ၀ဖြင့် နှစ်ပေါင်းများစွာ ကျွန်ဖြစ်ရ ပြန်သည်။
ဇန်နဝါရီလ ၂ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဟာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားပြီး အကောင်းဘက်ကို မျှော်လင့်ကာ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံရနေတဲ့ အဓိကကျသူ အကျဉ်းသားတွေ လွတ်မြောက်မလာ သေး တဲ့အတွက် မှန်းချက်မကိုက်ဘဲ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံတွင် နိုင်ရေး စီးပွားရေး လူမှုရေးဆိုင်ရာ အပြောင်းအလဲများ လျှင်မြန်စွာ စတင်ဖြစ်ပေါ်ပြောင်းလဲနေပြီး ထိုသို့အပြောင်းအလဲ များ ဖြစ်ပေါ်တော့မည့်အခြေအနေကိုဆိုက်ရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပုဂိုလ်ကပင် မှတ်ချက်ပြုလာခဲ့ပါသည်။
အားလုံး သိကြပြီးသည် အတိုင်း မြန်မာနိုင်ငံ၏ လက်ရှိ အပြောင်းအလဲများက မယြုံကည် နိုင် လောက်အောင်ပင် မြန်ဆန်လွန်း လှပါသည်။ လက်ရှိ အရပ်သားအသွင်ပြောင်း အစိုးရ သက်တမ်း ဆယ်လကျော် ကာလအတွင်း တိုးတက်ဖြစ်ထွန်းမှုများက မြန်မာ ပြည်သူလူထု အတွက်ရော နစ်ပေါင်းများစွာ မြန်မာ့အရေး ရတတ်မအေး ခဲ့ရသူ နိုင်ငံတကာ အတွက်ပါ အထူး အံ့အားသင့် ဝမ်းသာစရာ အပြောင်းအလဲများ ဖြစ်ခဲ့သည်။ ...
မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းမှာ မီးလောင်ပြီး ပြင်းထန်တဲ့ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ ပါတယ်။ မီးလောင်ပေါက်ကွဲမှုကြောင့် လူအများ ထိခိုက် သေဆုံးကြရတယ်။
မြန်မာနိုင်ငံမှာ ပညာရှင်ကို တန်ဖိုးထားလာအောင် မြန်မာနိုင်ငံသားတွေ အမှန် တကယ် ပညာတက်လာအောင် မြန်မာပညာရေးစနစ်ကို ပြန်လည်ဝေဖန်သုံးသပ်ပြီး အခြေခံက စတင်ပြုပြင် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ဘတ်ဂျက်မှာ ပညာရေး အသုံးစရိတ်ကို ဦးစားပေး အသုံးပြုရာမှာ ဖြစ်ပါတယ်။
မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ယခုတလော မြန်မာ့ဆက်သွယ်ရေးနှင့် ရွှေပြည်တံခွန် ကုမ္ပဏီကြား ကျပ် ၅,၀၀၀ တန် ကတ်ဖုန်းကိစ္စ အငြင်းပွားနေကြသည်။ နှစ်ဖက်စလုံးက မီဒီယာများကို အသုံးပြုပြီး ကိုယ့်ဘက် ကမှန်ကြောင်း သက်သေတွေပြနေကြသည်။ မီဒီယာထက်တွင် စစ်တလင်းခင်းနေကြသည်။...
(တူဒေး) ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)
ကာလရှည်ကြာ ထိန်းသိမ်းခံထားခဲ့ရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းနေချိန်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး ရောက်လာသည်။...
မြန်မာပြည်သူလူထုရဲ့ ထောက်ခံမှုများစွာ ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။
မကြာမီကာလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ပါသည်။ ဤကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ကာလ ကပင် နေရာအများစု အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ...
အစိုးသစ် လက်ထက်တွင် ပြည်ထောင်စု၏ အရအသုံးမှန်းခြေ ငွေစာရင်း ဥပဒေ ကြမ်းကို ပထမဦးဆုံး အကြိမ်အဖြစ် လွှတ်တော်ထံ တင်ပြတော့ မည်ဖြစ်ပါသည်။...
မကြာသေးမီကမိတ်ဆွေတစ်ဦး Operating System တစ်ခုကို စမ်းသပ်ကြည့်ရန် လာပေးသည်။ Windows ကို မြန်မာဘာသာပြန်ထား သည်ဆိုသဖြင့်လည်း စိတ်ဝင်စားမိပါသည်။ ခက်ခက်ခဲခဲ ကွန်ပျူတာပေါ်သို့ ထို system ကိုတင်ပြီးမှ ဖွင့်ကြည့်မိပါသည်။ စိတ်ပျက်ဖွယ်ကောင်းသော ဖြန်မာမှုပြုထားချက်များဖြင့် ရင်ဆိုင်တွေ့လိုက်ရသည်။ ကြိုးစားတီထွင်နေသည်ဆိုသော လူငယ်များ စိတ်ဓါတ်ကျသွားမည် စိုးရိမ်သဖြင့် ထောက်ပြဝေဖန်ခြင်း မပြုလိုသော်လည်း ကျွန်တော်တို့နိုင်ငံရှိ တီထွင်ရှင်ဆိုသူများ၏ စိတ်ဓါတ်ကိုတော့ စိတ်ပျက်မိသည်။
အလုပ်တစ်ခုခုကိုရလဒ်ထက် ပြီးမြောက်အောင်မြင်ပြီဆိုသည့် အမြန်ဆုံး ဖော်ထုတ်ပြလိုမှုများကို အာသာနေကြသည်။ နောက်ဆက် တွဲ ဖြစ်လာနိုင်သည့် အကျိုးတရား၊ အကြောင်းတရားကိုမကြည့်။ သူများထက် ငါလုပ်နိုင်သည်၊ ငါလုပ်ပြီးပြီး ဆိုကြောင်းကို ဖော်ထုတ်ပြလိုသည့်ဆန္ဒတွေ လွန်ကဲနေသဖြင့် ရလဒ်တွေက မကောင်းဖြစ်နေရသည်။ ဤသို့ဖြင့် ခေါင်းစဉ်တပ်ထားသော အလုပ်တွေကတော့ တစ်သီကြီး ရွက်ပြနိုင်လောက်အောင် များလာသော်လည်း အလုပ်မဖြစ်သဖြင့် နောက်ပိုင်း တွင် ချောင်ထိုးခံရခြင်း၊ အထောက်အပံ့ကင်း သဖြင့် ကွယ်ပျောက်ရခြင်းတို့ဖြင့် သာ နိဂုံးချုပ်ကုန်ကြရသည်။
ကျောင်းများတွင်ကွန်ပျူတာပညာရေးကို ထည့်သွင်းသင်ကြားပေး ရန် လေလံတွေလည်း ကြားလာရသည်။ ကြိုရမည့်အစီအစဉ်တစ်ခုဖြစ်သည်။ သို့သော် “ကွန်ပျူတာဆိုသည်မှာ . . .” ဆိုသည့်စာကျက်ဖြေဆိုနိုင်မည့် ပညာရေးကိုတော့ စိုးရိမ်မိသည်။
ပညာရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် မိတ်ဆွေနှင့် ကွန်ပျူတာပညာရေးကို ဆွေးနွေးမိသည်။ ကျွန်တော်တို့ အခြေခံ ဆွေးနွေးသည့် အကြောင်းအရာတွင် -
၁။ ကွန်ပျူတာအကြောင်းကို မြန်မာလို ဘာသာပြန်ပြီး မြန်မာမှုပြုကာ သင်ကြမည်လော၊
၂။ ကမ္ဘာ့အဆင့်မီ အင်္ဂလိပ်လိုသင်မည်လော၊
၃။ ကွန်ပျူတာမရှိဘဲ (မပြနိုင်ဘဲ) လက်တွေ့မပါ၊ စာတွေ့သက်သက်သင် မည်လော ဆုသည့်အကြောင်းများကို အဓိကထား ကာ ဆွေးနွေးဖြစ်ကြသည်။
ကွန်ပျူတာဆိုသည်မှာ နိုင်ငံခြားဘာသာစကားကို မြန်မာလို အသံ ဖလှယ်ရေးသားထားခြင်းဖြစ်ပြီး ယခုအချိန်တွင် တောရောမြို့ပါမကျန် ပြော လိုက်လျှင် သိပြီးဖြစ်နေသည်။ ကျေးလက်များတွင် တီဗွီဟုပြောလျှင်ပင် လူတိုင်းသိသည့် ဝေါဟာရဖြစ်နေသည်။ ရုပ်မြင်သံကြားဟူ၍ပင် သိပ်ပြီး မခေါ်ကြတော့။ ဤအချိန်တွင်မှ ကွန်ပျူတာအား “လျှပ်စစ်ဦးနှောက် ” ဟူ၍ ဘာသာပြန်ပြီး သင်နေလျှင်လည်း အဆင်ပြေမည်မထင်၊ ကွန်ပျူတာဝေါဟာရ များတွင် miuse ကိုကြွက်ဟူ၍ ပြောလို့မရ၊ Window ကိုပြတင်းပေါက်ဟု မပြောနိုင်၊ အလားတူကိုယ်ထင်သလို ဘာသာပြန်ပြီး သင်နေလို့ကလည်း ကမ္ဘာ့အမြင်နှင့် ထင်ဟပ်ကာ အသားကျနိုင်စရာမရှိ။
ကျွန်တော်တို့ အခြေခံပညာကျောင်းများတွင် ကွန်ပျူတာပညာရေးကို သင်ကြားရန်တာ စူနေကြချိန် Cambridge University Press မှကျောင်းသုံး စာအုပ်အနေဖြင့် ၁၉၉၆ခုနှစ်လောက်ကတည်းက “English for Computer User” ဆုသည့်စာအုပ်ကို ပြဋ္ဌာန်းကာ နိုင်ငံရပ်ခြားကျောင်းများတွင် သင်ကြားနေ ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိက ပညာသင်ကျောင်းများ တွင် ပြဋ္ဌာန်းချက်တစ်ခုအနေဖြင့် ထည့်သွင်းကာ အင်္ဂလိပ်လိုပင် တစ်အုပ်လုံး သင်နေကြကြောင်းလည်း သိရသည်။
ထိုစာအုပ်ကို အင်္ဂလိပ်လိုပြုစုထားပြီး ကွန်ပျူတာအကြောင်းနှင့် ပတ်သက်၍ အခြေခံကျကျ၊ သိသင့်သည့်ထိုက်သည့် အကြောင်းအရာစုံလင်စွာကို လွယ်ကူရိုးရှင်းစွာ စိစဉ်ပေးထားသည်။ အထက်တန်းအဆင့်လောက် ကတည်းက မျိုးစေ့ချပေးလိုက်သင့်သည့် ကွန်ပျူတာပညာရေးကို နိုင်ငံတကာနှင့် ပုဂ္ဂလိက ပညာဘက်တွင် သင်နေပြီး ၁၅နှစ်ခန့် ကျွန်တော်တို့ မျက်ခြေပြတ်နေသည်ကို မည်သည့်နည်းဖြင့်ကုစား အမီလိုက်နိုင်မည်ကို အဖြေရှာကြရန်လိုမည် ထင်ပါသည်း
ကွန်ပျူတာ ပညာပေးရန်ကျောင်းများတွင် ကွန်ပျူတာမရှိဟုဆိုခြင်းသည် အဖြေမဟုတ်ဟု ထင်ပါသည်။ နိုင်ငံတကာတွင်လည်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပညာရေးကို ဖြေရှင်းလာကြကြောင်း တွေ့ရသည်။ အစိုးရချည် သက်သက်အားကိုးနေရသဖြင့် အစိုးရကလည်း အားကိုးခံလွန်းသဖြင့် မတိုးတက်လျှင် ပြုပြင်ပြောင်းလဲမှုကို အသွင်သစ်၊ အမြင်သစ်ဖြင့် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မကြာမီကလွှတ်တော်တွင် ပုဂ္ဂလိကပညာရေးနှင့် ပတ်သက်ပြီး အလေးထားဆွေးနွေး လာကြသည်ကို ကြိုဆိုရမည်သာဖြစ်သည်။
ကွန်ပျူတာ ပညာရေးကိုသင်ကြားလိုလျှင် သင်ကြားပေးမည့်ဆရာတွေကို ဦးစွာပညာပေးရမည်ဖြစ်သည်။ စာတွေ့ထက်လက်တွေ့ ကွန်ပျူတာကို ကိုင်တွယ် သင်ကြားရခြင်းက ပိုထိရောက်မည်ဆိုလျှင် နိုင်ငံတော်အဆင့်ဖြင့် အကောင် အထည်ဖော်ကြရမည်ဖြစ်သည်။ ကမ္ဘာကို ရင်ဆိုင်နိုင်မည့် ကမ္ဘာသိဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ပြင်ဆင်ပေးနိုင်ရမည် ဖြစ်သည်။ လူတစ်စုနည်းဖြင့် မဖြေရှင်းနိုင်လျှင် လူထုနည်းဖြင့် ဖြေရှင်းနိုင်အောင် လုပ်ကြရမည်။ ပြိုင်တူတွန်းလျှင်ရွေ့ နိုင်မည်ထင်ပါသည်။ အယ်ဒီတာ(itizen)
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာ အရည်အသွေးမီ အဆင့်မြင့် ပညာရေးကို လူအများစု သင်ယူခွင့်ရအောင် စီမံပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
အခြေခံ ဥပဒသေစ်နှင့် အချုပ်အခြာ အာဏာ (၃) ရပ် အသက်မဝင်မီ လိုအပ်ချက် အရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုေးရး ကောင်စီက ဥပဒမျေား ပြဋ္ဌာန်း ပေးခဲ့ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ ဖွဲ့စည်း တည်ထောင်ရေးနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ များလည်း ပါဝင်ခဲ့ ပါသည်။
၂၀၁၁ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် ဒေါ်အောင်စုကြည် တို့ တွေ့ဆုံ၍ အမျိုးသားအကျိုးစီးပွားအတွက် အတူတကွ လက်တွဲခေါ်ဆောင်ရန် ဆွေးနွေးခဲ့ခြင်း သည် နိုင်ငံသား ပြည်သူများ၏ နှစ်ပေါင်းများစွာ လိုလားတောင်းတမှုဖြစ်သည့် အမျိုးသားစည်းလုံးညီ ညွှတ်မှုကို အုပ်မြစ်ချပေးခဲ့ခြင်းဖြစ်၍ နိုင်ငံသားတို့၏ စိတ်၏ ချမ်းသာခြင်းကို ဆောင်ကြဉ်းပေးခဲ့ခြင်း သည်ဟုဆိုလျှင် ၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားများ အတွက် မော်တော်ယာဉ် တင်သွင်းခွင့်သည် နိုင်ငံသားများ၏ ကိုယ်၏ ချမ်းသာခြင်းကို ဆောင်ကြဉ်းပေး ခဲ့ခြင်းဖြစ်၍ ယခုအဆုံးအဖြတ်ကို ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး နှင့် တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင် အပ်ပါသည်။
မှန်ပါသည် မော်တော်ယာဉ် တင်သွင်းခွင့်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သယ်ယူပို့ဆောင်ရေး စရိတ်စကများနှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့် အလေးအနက်စဉ်းစားသင့်ကြောင်း The Voice Weekly မှ အစဉ်တစိုက်ရေးသားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာပင် ကျော်လွန်ခဲ့ခြင်းဖြစ်ပါ သည်။ နိုင်ငံတော်သမ္မတကြီး၏ ယခုအဆုံးအဖြတ်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့သည့် အရုပ်ဆိုးသောဖြစ်ရပ်တစ်ခုကို ရပ်ဆိုင်းပေးခဲ့ခြင်းဖြစ်၍ သမိုင်ဝင်အဆုံးအဖြတ်တစ်ခုဖြစ်ခဲ့ပြန်ပါသည်။
ယခုအဆုံးအဖြတ်သည် နိုင်ငံတွင် လိုအပ်ချက်ဖြစ်သော လူလတ်တန်းစား အလွှာကြီး တစ်ခုလုံးကို အကျိုးပြုသော ဆုံဖြတ်ချက်ဖြစ်ပါသည်။ နိုင်ငံတစ်၏ စီးပွားရေးသည် လူလတ်တန်းစားများမပေါ်ထွန်းဘဲ၊ လူလတ်တန်းစားအလွှာ အကျိုးစီးပွားမ ထွန်းဘဲ၊ ဖြစ်ထွန်းစရာအကြောင်းမရှိပါ။
ဤနေရာတွင် သတိပြုမိသည်မှာ ဈေးကွက်၏ တုံ့ပြန်မှု ဖြစ်ပါသည်။ နိုင်ငံ့စီးပွားရေး တည်ဆောက်မှုတွင် လူလတ်တန်းစားများကို တိုက်ရိုက်အကျိုးပြုခြင်းမျိုးကို မကြုံတွေ့ခဲ့ကြဖူး သောကြောင့် ယခုအဆုံးအဖြတ် ကိုဈေးကွက်က သံသယဖြင့် တုံ့ပြန်ခဲ့သည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ အမှန်အားဖြင့် မြန်မာနိုင်ငံပြင်ပတွင် အလုပ်လုပ်နေသော မြန်မာများက မိသားစုထံ ကျပ်ငွေအဖြစ်လွှဲပြောင်းပေးပို့ခဲ့သော ငွေများအနက် မှ ဒေါ်လာ ၃၀,၀၀၀ စီကိုပြန်ဝယ်၍ ၇န်ကုန်ရှိ ဘဏ်များသို့ လွှဲပို့ခြင်းကြောင့် မြင်တွေ့ရမည့် ဒေါ်လာဈေး အတက်ကို မြင်သာထင်သာ တွေ့ရှိရခြင်းမရျိသော အချက်သည် ဈေးကွက်၏ ယုံကြည်မှု အခြေအနေ ကို ဖော်ပြလျက်ရှိပါသည်။
အဓိကပြောလိုသည်မှာ ပြည်သူလူထုအတွက် ရည်ရွယ်၍ ဆုံးဖြတ်ခဲ့သော အဆုံးအဖြတ်ကို ပတ်သက် ဆက်စပ်နေသော ဌာနဆိုင်ရာအားလုံးက ကိုယ်ကျိုးစီးပွားကင်းစွာ လိုလိုလားလား ပူးပေါင်း၍ ကူညီခြင်းဖြင့် ပြည်သူလူထုထံမှ ရသင့်ရထိုက်သော အပြန်အလှန်ယုံကြည်မှုကို ဝိုင်းဝန်း တည်ဆောက် ပေးရေးပင်ဖြစ်ပါသည်။
အယ်ဒီတာ(၁၃-၉-၂၀၁၁)
အီလက်ထရောနစ် အုပ်ချုပ်ရေး (e-governance) နှင့် အီလက်ထရောနစ် အစိုးရ (e-government) တို့သည် အမြင်တူသော်လည်း အသွင်မတူပေ။ တိုင်းပြည်ကို အုပ်ချုပ်ရသည့် အစိုးရနှင့် ထိုအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစနစ် တို့သည် ခေါင်းနှင့် ပန်းပမာ ဆက်စပ်နေရသည်။
အီလက်ထရောနစ် အုပ်ချုပ်ရေးသည် အစိုးရနှင့်ပြည်သူ၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြားတွင် အပြန်အလှန် အကျိုးပြုရမည့်အသွင်ဆောင်သည်။ အစိုးရအဖွဲ့သည် မိမိတို့အုပ်ချုပ်မှုကို ပွင့်လင်းပြီးပြည်သူတို့ ထင်သာမြင်သာရှိစေရန် ပြုလုပ်ပေးရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ပေးနိုင်ရန်အတွက် အီလက်ထရောနစ် အုပ်ချုပ်ရေးကလည်း များစွာအထောက်အကူပြု နိုင်ပါသည်။
Read more http://www.khitlunge.net.mm/news/news_detail.aspx?info_id=26278
Created by iBiz Service Provider.