Logo

ရုရှားမဟာဗျူဟာ ရေငုပ်သင်္ဘောများ ကမ္ဘာတစ်ဝန်း ကင်းလှည့်တာဝန် ပြန်လည်ထမ်းဆောင်မည်

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာ ရေငုပ်သင်္ဘောများသည် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း နိုင်ငံတကာရေပြင်များ၌ ပုံမှန်ကင်းလှည့်တာဝန်များ ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း ရုရှားရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗလာဒီမာ ဗိုင်ဆော့စကီးက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ မဟာဗျူဟာ ရေငုပ်သင်္ဘောများနှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ၏ နှစ်စဉ်ကင်းလှည့် တာဝန်ထမ်းဆောင်မှုသည် ၁၉၈၄ ခုနှစ်က ကြိမ်ရေ ၂၃၀ ကျော်အထိ ရှိခဲ့သော်လည်း ယနေ့ကာလတွင် ၁၀ ကြိမ်မျှအထိ ကျဆင်းခဲ့ရသည်။ နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာ ရေငုပ်သင်္ဘောတပ်ဖွဲ့သည် ရုရှားရေတပ်၏ အမာခံကျောရိုးဖြစ်ပြီး အနာဂတ်ကာလ၌ အရေးပါသော စစ်ရေးအရံအတားအဖြစ် ဆက်လက်တည်ရှိဦးမည်ဟု ရုရှားစစ်ဘက်က ယုံကြည်ထားသည်။ ရုရှားရေတပ်၌ လက်ရှိစစ်ရေးတာဝန်များ ထမ်းဆောင်နေသော နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာ ရေငုပ်သင်္ဘော ၁၂ စင်းရှိပြီး ဒယ်လ်တာအတန်းအစား ရေငုပ်သင်္ဘော ငါးစင်း၊ ဒယ်လ်တာ-၄ အတန်းအစား ခြောက်စင်းနှင့် တိုင်ဖွန်းအတန်းအစား တစ်စင်းတို့ဖြင့် ဖွဲ့စည်းထားသည်။ (အင်တာနက်)

Read more

Additional information