Logo

ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် နျူဓာတ်ပေါင်းဖိုများ အမေရိကန်၌ တည်ဆောက်မည်

အမေရိကန်နိုင်ငံ၌ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် နျူကလီးယားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဓာတ်ပေါင်းဖိုသစ် တည်ဆောက်ရန် ခွင့်ပြုပေးလိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဗောဂ်တယ်လ်မြို့၌ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၁၀၀ ထုတ်လုပ်နိုင်သော ဓာတ်ပေါင်းဖိုနှစ်လုံး တည်ဆောက်ရန် နျူကလီးယားဥပဒေစည်းမျဉ်းများ ထိန်းသိမ်းစောင့်ရှောက်ရေးကော်မရှင်က ထောက်ခံမဲလေးမဲ၊ ကန့်ကွက်မဲတစ်မဲဖြင့် အတည်ပြုပေးခဲ့သည်။ ယင်းဓာတ်ပေါင်းဖိုများကို တောင်ပိုင်းကုမ္ပဏီအမည်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီ၏ နျူကလီးယားစက်ရုံတွင် တပ်ဆင်မည်ဖြစ်သည်။ တောင်ပိုင်းကုမ္ပဏီသည် နျူကလီးယားက်ရုံသစ် တည်ဆောက်နိုင်ရန် လျှောက်ထားခဲ့ပြီးနောက် ခုနစ်နှစ်အကြာတွင် ခွင့်ပြုချက်ရရှိခြင်းဖြစ်သည်။ ယင်းစက်ရုံသစ် တည်ဆောက်ရေး စီမံကိန်းအတွက် ဒေါ်လာ ၁၄ ဘီလီယံ ကျခံသုံးစွဲမည်ဖြစ်သည်။ (အင်တာနက်)

Read more

Additional information