Logo

အမေရိကန် မောင်းသူမဲ့လေယာဉ်များ နေတိုးဝယ်ယူမည်

နေတိုးတပ်ဖွဲ့သည် တာလီဘန်ချေမှုန်းရေး ပင်လယ်ဓားပြရှာဖွေရေးနှင့် တရားမ၀င် လက်နက်ကုန်သွယ်မှု တားဆီးရေး စသည့် ကဏ္ဍများတွင် အသုံးပြုနိုင်သည့် အမေရိကန်လုပ် မောင်းသူမဲ့လေယာဉ်ငါးစင်းကို ၀ယ်ယူမည်ဟု ၄င်းအဖွဲ့မှ အရာရှိကြီးတစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားသည်။ မောင်းသူမဲ့လေယာဉ် ၀ယ်ယူရေးသည် နေတိုးတပ်ဖွဲ့၏ မြေပြင်ထောက်လှမ်းရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး အဆိုပါ အစီအစဉ်ကို ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ် အတောအတွင်း စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်သည်။ မောင်းသူမဲ့လေယာဉ် ၀ယ်ယူရေအစီအစဉ်တွင် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံ ၁၃ နိုင်ငံပါဝင်ပြီး ၄င်းအစီအစဉ်အား ယခုလအတွင်းက သဘောတူ အတည်ပြုခဲ့ခြင်းဖြစ်သည်။ နေတိုးတပ်ဖွဲ့က ၀ယ်ယူမည့် အမေရိကန်မောင်းသူမဲ့ လေယာဉ်များသည် မြေပြင်မှ အမြင့်ပေ ၆၀၀၀၀ အထက်တွင် ပျံသန်းနိုင်ပြီး ကောင်းကင်ယံတွင် ၂၄ နာရီကြာ မရပ်မနား ပျံသန်းနိုင်သည်ဟု ဆိုသည်။ (အင်တာနက်)

Read more

Additional information